Monday, September 26, 2016

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေး (၇/၂၀၁၆) ကျင်းပပြုလုပ်


နေပြည်တော်၊ စက်တင်ဘာ ၂၆

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံကျင်းပရေး ဦးစီး ကော်မတီ နောက်ဆုံးအစည်းအဝေး (၇/၂၀၁၆) ကို ပြည်ထောင်စုလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၃နာရီတွင် ကျင်ပသည်။ 


အစည်းအဝေးသို့ (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံ ကျင်းပရေးဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်ရုံး အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ဦးစီးကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ညီလာခံ ကျင်းပရေး နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြ၍ တက်ရောက် လာသူများမှ ဆွေးနွေးကြသည်။ ထို့နောက် အာဆီယံ ပါလီမန်များ ညီလာခံ ကျင်းပရေးဦးစီး ကော်မတီ ဒုတိယ ဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားသည်။

No comments:

Post a Comment