Friday, September 16, 2016

ဧရာဝတီ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ ပြည်နယ် အစိုးရအဖွဲ့နှင့် ဆွေးနွေး

မြစ်ကြီးနား စက်တင်ဘာ ၁၆
ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းနှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီမြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာပြီး ကချက်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ကော်မရှင်အဖွဲ့အနေဖြင့် လေ့လာစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြစ်ဆုံနှင့် မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းဧရိယာနှင့် ချီဖွေဒေသအတွင်းရှိ ရေအားလျှပ်စစ်ဧရိယာတို့ကို သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment