Friday, September 16, 2016

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းသည့် ယာဉ် ၄၉ စီးကို ဖမ်းဆီးအရေးယူ

နေပြည်တော် စက်တင်ဘာ ၁၆
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တစ်ဆမှု မဖြစ်ပွားရေးအတွက် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန် မောင်းနှင်သော ယာဉ်များကို အမြန်လမ်း ရဲတပ်ဖွဲ့မှ အမြန်နှုန်းတိုင်းကိရိယာများအသုံးပြု၍ ဖမ်းဆီးအရေးယူလျက်ရှိပြီး ယနေ့ တွင် မော်တော်ယာဉ် ၄၉ စီးဖမ်းဆီးအရေးယူခဲ့ရာ ခရီးသည်တင်ယာဉ် ၅ စီးပါဝင် ခဲ့ပါဝင်ခဲ့ကြောင်း သိရသည်။


ယနေ့ဖမ်းဆီးရမိသော မော်တော်ယာဉ် ၄၉ စီးမှ ၂၄ စီးမှာ ဇမ္ဗူသီရိမြို့နယ် မော်တော်ယာဉ်တရားရုံးသို့ နေ့ချင်းပြီးဒဏ်ငွေ ပေးဆောင်ခဲ့ပြီး အဆိုပါဒဏ်ကြေးငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် နေပြည်တော်ဘဏ်သို့ ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment