Monday, September 12, 2016

မြို့နယ်ဦးစီးမှူးများ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁/၂၀၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးများ လုပ်ငန်းခွင် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၁၆) သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်(၉)နာရီက
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးအမှတ်(၁၄)၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးသင်တန်းသားများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး(၆၅)ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၁)ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment