နေပြည်တော်၊ စက်တင်ဘာ ၁၂
၂၀၁၆ခုနှစ်
အဌမအကြိမ်မြောက် နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက် (၈) နာရ်ီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်
အားကစား ဝန်ကြီး ဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်
တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်း
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်နှင့် တာဝန် ရှိသူများ၊ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်
ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ
ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် ဖွင့်ပွဲအခမ်းအနားကို
စတင်ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေး
မှူးချုပ် ဦးမျိုးလှိုင်က အမှာစကား ပြောကြားသည်။
ဆက်လက်၍
ပြိုင်ပွဲဝင် အားကစားသမားများ အားကစားသစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုပြီးနောက် ကျန်းမာ
ရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က
ပြိုင်ပွဲ အသင်းများအား လိုက်လံနှုတ်ဆက်သည်။
ယင်းနောက်
ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး ၂၀၁၆ခုနှစ်၊ အဌမအကြိမ်
မြောက် နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို စတင်ကျင်းပရာ ပထမဆုံး
အမျိုးသမီး ဘော်လီဘော ပွဲစဉ်အဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမျိုးသမီး ဘော်လီဘော
အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသမီး ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို
ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများမှ ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ
ဘော်လီဘော ပြိုင်ပွဲကို ဝန်ကြီးဌာနပေါင်းစုံမှ အမျိုးသား (၁၂) သင်းနှင့် အမျိုးသမီး
(၅) သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားကြပြီး စက်တင်ဘာလ (၁၂)ရက်နေ့မှ စက်တင်ဘာ (၁၈)ရက်အထိ
နေ့စဉ် နံနက် (၈)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိ (B) ရုံ၌ ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment