Tuesday, September 20, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး မြန်မာ့ ရုပ်မြင် သံကြားနှင့် ရေဒီယို အစီအစဉ် နှင့် အခြားရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် စက်တင်ဘာ ၂၀
ကမ္ဘာ့နိုင်ငံ (၁၉၃)နိုင်ငံ စုပေါင်းပါဝင်သည့် ကုလသမဂ္ဂအဖွဲ့ကြီး၏ နှစ်ပတ်လည် အထွေထွေ ညီလာခံများကို နှစ်စဉ်ကျင်းပလျက်ရှိရာ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကို ကုလသမဂ္ဂဌာနချုပ်တည်ရှိရာ အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့ တွင် စက်တင်ဘာ (၂၀)ရက်မှ စက်တင်ဘာ (၂၆)ရက်အထိ ကျင်းပသွား မည်ဖြစ် သည်။

ကုလသမဂ္ဂအထွေထွေညီလာခံကို နှစ်စဉ်နိုင်ငံ အကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲ များတက်ရောက်ပြီး မိမိတို့နိုင်ငံအလိုက် အထွေထွေ မူဝါဒရေးရာ များနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် သဘောထားအမြင်များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
ယခုနှစ်ကျင်းပမည့် အထွေထွေညီလာခံ၏ ဆောင်ပုဒ်မှာ ကျွန်ုပ်တို့ ကမ္ဘာကြီး ပြုပြင် ပြောင်း လဲရေး အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက် များဖြင့် တွန်းအားပေးဆောင် ရွက်ကြပါစို့ဟူ၍ဖြစ်ပြီး သဘာပတိဖြစ်သူ ဖီဂျီနိုင်ငံမှ မစ္စတာပီတာ သွန်မဆင်းက အဆိုပြု ထားခြင်းဖြစ်သည်။
(၇၁)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယနေ့ဖြစ်သည့် စက်တင်ဘာ (၂၁)ရက်တွင် ကျင်းပသည့်အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ပြီး အထွေထွေ မူဝါဒရေးရာ မိန့်ခွန်း တစ်ရပ် ကို ပြောကြားသွား မည်ဖြစ်သည်။

အဆိုပါ မိန့်ခွန်း ပြောကြားမှုကို ရိုက်တာသတင်းအေဂျင်စီမှ တိုက်ရိုက်ထုတ် လွှင့်မှုအား ဆက်သွယ်ရယူပြီး ယင်းနေ့ မြန်မာစံတော်ချိန် ခန့်မှန်း ည ၁၀ နာရီ တွင် မြန်မာ့ ရုပ်မြင် သံကြားနှင့် မြန်မာ့ အသံရေဒီယိုအစီအစဉ်၊ MRTV – 4 , Up to Date, MITV Channel , MNTV, တိုင်းရင်းသား Channel တို့မှ တိုက်ရိုက် ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း၊ မိန့်ခွန်း ပြောကြား မည့် နိုင်ငံ့ခေါင်း ဆောင်များ၏ အစီအစဉ်ပေါ် မူတည်၍ အချိန်ပြောင်းလဲမှု ရှိပါ က မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ အချိန်မီ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment