Friday, September 16, 2016

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒရေးဆွဲရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆

ယနေ့ မွန်းလွဲ ၁ နာရီက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊  အစည်းအဝေးခန်းမ (၁) တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒရေးဆွဲရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး ဌာနကြီးမှူး ရဲမှူးချုပ်မြင့်ထူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး အဖွင့်အမှာစကားပြောကြားခြင်း၊  မူးယစ်ဆေးဝါး တားဆီး နှိမ်နင်း ရေးရဲတပ်ဖွဲ့ စီမံကိန်းဌာန ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းမှ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒရေးဆွဲရေး လမ်းပြမြေပုံ၊ ဒုတိယ ရက်(၁၀၀)ကာလအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လွှတ်တော်များ၏ မူးယစ်ဆေးဝါး ဆိုင်ရာ ကတိကဝတ်မူများအပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများအား  ရှင်းလင်းတင်ပြကြသည်။ မူးယစ်ဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့က ဖြည့်စွက်အကြံပြု ဆွေးနွေး ခဲ့ကြပြီး မူးယစ်ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment