Friday, September 16, 2016

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ပြည်ပဧည့်များ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၆
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအားတရုတ်ပြည်သူ့သမ္မတ နိုင်ငံအခြေစိုက် Yin Qiao Group မှ Chairman , Mr. ZHAO YIN CHUN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ယနေ့နံနက် (၉) နာရီတွင်လည်းကောင်း၊ စင်္ကာပူနိုင်ငံ အခြေစိုက် E-Global Recovery Pte., Ltd. မှ  Chairman ,Mr. Freddie Tan Soon Hwa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ နံနက်(၁၁)နာရီတွင်လည်းကောင်း၊ ကိုရီးယားနိုင်ငံ POSCO Daewoo Myanmar Corporation Ltd. မှ Chief Regional Officer , Mr. Yoo-Joon Won ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ နံနက်(၁၁)နာရီခွဲတွင်
လည်းကောင်း၊ အမေရိကန် နိုင်ငံအခြေစိုက် CNHI International SA မှ Vice President , Mr. Vincent De Lassagne ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ သီးခြားစီလာရောက်တွေ့ဆုံသည်။
Yin Qiao Groupနှင့်တွေ့ဆုံရာတွင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စစ်ကိုင်းအထည်ချုပ်စက်ရုံခွဲ နေရာများတွင် Industrial Park တည်ဆောက်မည့်ကိစ္စနှင့် ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်၍ အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
E-Global Recovery Pte., Ltd. နှင့်တွေ့ဆုံရာတွင် စက်မှုဇုန်များတွင် Industrial Waste Treatment Plant များ ထည့်သွင်းတည်ဆောက်ရေး ကိစ္စရပ်‌များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
POSCO Daewoo Myanmar Corporation Ltd.နှင့်တွေ့ဆုံရာတွင်သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းတွင် အဆင့်မြင့် နည်းပညာများ ပံ့ပိုးပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သံမဏိ ထုတ်ကုန်များ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရေးအတွက်အရည်အသွေး ထိန်းသိမ်းရေး၊ စံသတ်မှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Vocational TrainingCenterများ တိုးချဲ့ တည်ထောင် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက် နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ ကြသည်။

CNHI International SA နှင့် တွေ့ဆုံရာတွင် လယ်ယာသုံးစက်ကိရိယာပစ္စည်း ထုတ်လုပ်မှု၌ ပူးပေါင်းဆောင်ရွက်နိုင် မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment