Friday, September 16, 2016

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား Asian Development Bank (ADB) အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာလ ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ယနေ့ မွန်းလွဲ(၃)နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Asian Development Bank(ADB) အဖွဲ့အစည်းမှ  လုပ်ငန်းမန်နေဂျာ Mr. Arghya Sinha Roy ဦးဆောင်သော အဖွဲ့ဝင်များလာရောက် တွေ့ဆုံခဲ့သည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံပြန်နိုင်စွမ်း မြင့်မားစေရေးအမျိုးသားအဆင့် မူဘောင် (မူကြမ်း) ဖော်ထုတ်ဆောင်ရွက်နေမှု အခြေအနေများ၊ အဆိုပါ မူဘောင်(မူကြမ်း)အား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ထိုမှတဆင့် အမျိုးသားအဆင့် မူဘောင်အား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အတည်ပြု ဆောင်ရွက် နိုင်ရေးနှင့် ရှေ့ဆက်အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကိစ္စရပ်များတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုများ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်မည့် နယ်ပယ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment