Friday, September 9, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် စက်တင်ဘာ ၉
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သံအမတ်ကြီး မစ္စတာ မိုဟာမက် ဆူဖီအူရ် ရာဟ်မာန် အား ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ကဏ္ဍများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ပြည်သူများ ချစ်ကြည် ရင်းနှီးမှု တိုးတက် ခိုင်မြဲရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

No comments:

Post a Comment