Wednesday, September 21, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီး ဆုံး ၍ ပြန်လည်ထွက်ခွာ မည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ -၂၀
မိမိတို့အနေဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့်၊ ပြည်သူလူထုကအားကိုး ရသည့်၊ တိုင်းပြည်ကို အကျိုးပြုနိုင်သည့် တပ်မတော်ဖြစ်စေရန် ကြိုးပမ်းဆောင် ရွက် လျက် ရှိကြောင်း၊ မိမိတို့၏လုပ်ဆောင် ချက်များအပေါ် အပြုသဘောဆောင်သည့် သုံးသပ်ချက် များရှိသကဲ့သို့ တစ်ချို့အပြုသဘော မဆောင်သည် များလည်းရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၃ နာရီခွဲ တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာ မည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.န မြ. Mမေု ခြ Dသတနူ အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ယင်းသို့တွေ့ဆုံရာတွင် ဧည့်သည်တော်သံအမတ်ကြီး က မြန်မာနိုင်ငံ ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်း လဲ မှုများတွင် လွတ်လပ်၍တရားမျှတ သည့် ရွေးကောက် ပွဲ ဖြစ်ရေးနှင့် နိုင်ငံတော် အာဏာကို အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင် မှုတို့တွင် တပ်မတော်အနေဖြင့် ကြိုတင်ပြောဆိုခဲ့သည့်အတိုင်း မှန်ကန်စွာ လုပ်ဆောင်ခဲ့သည်ကို အားလုံးမြင်တွေ့ရ ပါကြောင်း ဦးစွာပြောကြား ၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုအတွက် လိုအပ်သည့် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုရရှိရေးအတွက် ဥပဒေနှင့် ညီညွတ်စွာ ဆောင်ရွက်နေမှု၊ ဥပဒေနှင့်မညီပါက ကာကွယ်ရမှု အခြေအနေများ၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်ရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်နည်းနိုင်သမျှ နည်းစေရေး ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးသင့်သည့်အချက်များ၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် မိုင်းသစ်များထပ်မံမထောင်ရန် လိုအပ်မှုအခြေအနေ များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ဖက်ဒရယ်နှင့် ပတ်သက်သည့် ဝိသေသလက္ခဏာ များနှင့် ကမ္ဘာ့နိုင်ငံတိုင်းတွင် တပ်မတော် တစ်ခု တည်းသာတည်ရှိမှု၊ အနာဂတ်ကာလမြန်မာ့ တပ်မတော် နှင့် ပတ်သက်သည့် သဘောထား အမြင်များ၊ တပ်မတော်နှစ်ရပ် အကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှု ရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာမှုကို အထောက်အကူပြုခြင်း ကြောင့် တပ်မတော် နှစ်ရပ်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာများကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကနေဒါနိုင်ငံ သံ အမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက် လာကြသူများ နှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment