Friday, September 30, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မဒမ် ငုယင်သီကင်ငမ်း ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ  မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လွမ်းထွီ ဇူးအုန်း တက်ရောက်သည်။ 

No comments:

Post a Comment