Friday, September 2, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ပျက်စီးခဲ့သော ရှေးဟောင်းအမွေအနှစ် ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း


နေပြည်တော်  စက်တင်ဘာ ၂

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ပျက်စီးခဲ့သော ရှေးဟောင်း အမွေအနှစ်ဘုရားစေတီ ပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ပျက်စီးခဲ့သော ရှေးဟောင်းအမွေအနှစ် ဘုရားစေတီပုထိုးများ ပြန်လည် ပြုပြင်ရန်အတွက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ အလှူဒါန ခေါင်းစဉ်မှ လှူဒါန်းငွေ ၆,၄၈၀,၀၀၀ိ/- နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၂၆ ဦး၏ နေ့တွက်စရိတ် တစ်ရက်စာစုပေါင်းလှူဒါန်းငွေ ၈,၅၂၀,၀၀၀ိ/- စုစုပေါင်းကျပ် သိန်း ၁၅၀ ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံသို့  အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံရယူသည်။


အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

No comments:

Post a Comment