Friday, September 2, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အီတလီအထက်လွှတ်တော်၊ နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


နေပြည်တော်  စက်တင်ဘာ   

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အီတလီအထက်လွှတ်တော်၊ နိုင်ငံခြား ရေးရာ အမြဲတမ်း ကော်မတီဥက္ကဋ္ဌ H.E. Mr. Pier FerdinandoCasini အားယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးစိုင်းသန့်ဇင်၊ ဦးခွန်အောင်ကျော်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ အီတလီသံအမတ်ကြီး H.E.Mr. Pier Giorgio Aliberti လည်း တက်ရောက်ခဲ့သည်။

No comments:

Post a Comment