Sunday, September 18, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မြို့ရှိ မြန်မာ အသိုက်အ၀န်းနှင့် တွေ့ဆုံ


နယူးယောက် စက်တင်ဘာ ၁၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နယူးယောက် မြို့ရှိ မြန်မာအသိုက်အ၀န်းနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များအား ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကုလသမဂ္ဂဆိုင်ရာ   မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်မှ ပညာရေးကဏ္ဍ မြှင့်တင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုတိုးချဲ့ မြှင့်တင်ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာ အသိုက်အ၀န်းမှ တာဝန်ရှိသူများက ကျန်းမာရေးကဏ္ဍ ပိုမို တိုးတက်မြင့်မားလာစေရေး၊  ပြည်ဝင်ခွင့် ဗီဇာသက်တမ်း တိုးမြှင့်ဆောင်ရွက်ပေးရေး  ကိစ္စရပ်များအား  ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

            

No comments:

Post a Comment