Thursday, August 25, 2016

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ ILO (ရန်ကုန်) ရုံးတွင် Liasion Officer အဖြစ် တာဝန်ထမ်းဆောင် မည့် မစ္စတာ ရိုရီမန်ဂိုဗန် နှင့် လက်ခံ တွေ့ဆုံ


 နေပြည်တော်     သြဂုတ် ၂၅            
                                                                       
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ILO (ရန်ကုန်)ရုံးတွင် Liasion Officer အဖြစ်တာဝန်ထမ်းဆောင်မည့်  မစ္စတာရိုရီမန်ဂိုဗန် နှင့်  ယနေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။



တွေ့ဆုံစဉ် အလုပ်သမားရေးရာ ကိစ္စရပ်များ၊ အဓမ္မခိုင်းစေမှု ပပျောက်ရေးကိစ္စများ၊ ကလေး အလုပ်သမား ကိစ္စ၊ အလုပ်သမား အဖွဲ့အစည်းများကိစ္စ၊ အလုပ်သမား ဥပဒေ ပြင်ဆင်ရေးဆွဲရေး ကိစ္စ၊ အလုပ်သမားရေးရာ ဖိုရမ်ကျင်းပရေး ကိစ္စများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment