Thursday, August 25, 2016

ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး


နေပြည်တော် သြဂုတ် ၂၅

ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသူများနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန၊ ၀န်ကြီးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပထမအကြိမ် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် Broadcasting Law ကို လက်ရှိ အခြေအနေများနှင့် ကိုက်ညီအောင် ပြင်ဆင်နိုင်ရန် ဆွေးနွေးခဲ့ပါကြောင်း၊ Broadcasting Law ပြင်ဆင်ရေးအဖွဲ့ကို ဥပဒေ ပညာရှင်များ၊ ပြည်တွင်း ပြည်ပ ပညာရှင်များဖြင့် ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ဥပဒေ ပြင်ဆင်နိုင်ရန် လွတ်တော်မှ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မှ အင်ဂျင်နီယာချုပ် ဦးလှိုင်မိုးက လက်ရှိ DVB - T2 Digital စက်များဖြင့် ထုတ်လွှင့်ပြသနေသည့် ရုပ်သံလိုင်း ၁၄ လိုင်းကို ၁၆လိုင်းအထိ တိုးချဲ့သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုပါ ၁၆လိုင်းတွင် မူလ ၁၄လိုင်းမှ ၁၁လိုင်း ပြန်ပါလာမည်ဖြစ်ကာ ကျန်ရှိသည့် ၅လိုင်းကို ရုပ်သံလွှင့် လုပ်ငန်း လုပ်ကိုင်လို သူများအတွက် ဆောင်ရွက်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Multi Channel Playout System တွင် Consultant အဖြစ် ဆောင်ရွက်မည့် Tun Group Asia လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက EOI Process များ၊ ရုပ်သံလိုင်း ထည့်သွင်းထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လိုသူများ အတွက် တင်ဒါလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာကြသည့် မီဒီယာ ကုမ္ပဏီများနှင့် မီဒီယာများက  သိရှိလိုသည် များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment