Monday, August 22, 2016

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဗြိတိန်နိုင်ငံ၊ တရားရုံးချုပ် ဥက္ကဋ္ဌ Hon. Lord Neuberger နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၂
ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ဗြိတိန်နိုင်ငံ၊ တရားရုံးချုပ် ဥက္ကဋ္ဌ Hon. Lord Neuberger နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရားရုံးများ အဆင့်ဆင့် ဖွဲ့စည်းထားကာ တရားစီရင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ တရားစီရင်ရေး ကဏ္ဍတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် တရားစီရင်ရေးဆိုင်ရာ ရာထူးများ ခန့်အပ် ထားရှိမှု၊ တရားစီရင်ရေးဆိုင်ရာ (၃) နှစ် မဟာဗျူဟာစီမံကိန်း ချမှတ် ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

No comments:

Post a Comment