Monday, August 22, 2016

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဗြိတိန်နိုင်ငံ တရားရုံးချုပ်ဥက္ကဋ္ဌအား တွေ့ဆုံ


နေပြည်တော်၊ သြဂုတ် ၂၂
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ၊ တရားရုံးချုပ် ဥက္ကဋ္ဌ H.E.Lord Neuberger ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦရေးရာဆောင် အဆောင်အမှတ်  (I-1) ဧည့်ခန်းမ၌ တွေ့ဆုံသည်။


အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမြသိန်း၊ ဦးမြင့်နိုင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment