Monday, August 22, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာ ဆွာရာ့ရ်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၂
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အိန္ဒိယ သမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာ ဆွာရာ့ရ် နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ(၂)နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ်  နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး၊ ပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ပဲစိုက် တောင်သူများအတွက် အိန္ဒိယ နိုင်ငံမှ နည်းပညာ အကူအညီပေးရေးတို့ကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြသည်။ 

No comments:

Post a Comment