Thursday, August 25, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်  သြဂုတ်  ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး


Madam Gao Yan နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် စီးပွားရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြပြီး ဒုတိယ၀န်ကြီး Madam Gao Yan က တရုတ်နိုင်ငံတွင် ကျင်းပမည့် ၁၃ ကြိမ်မြောက် နန်နင်းကုန်စည်ပြပွဲသို့ တက်ရောက်ရန် ဒုတိယသမ္မတအား ဖိတ်ကြားခဲ့သည်။


တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတနှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဒုတိယ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် တက်ရောက်သည်။ 

No comments:

Post a Comment