Thursday, August 25, 2016

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E.Mr. Hiroto IZUMI အား လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၅


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့နံနက် (၈) နာရီခွဲတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H. E. Mr. Hiroto IZUMI အားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊


အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံပြီး သီလဝါနှင့် ထားဝယ်အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များ၊ စက်မှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ODA ချေးငွေပံ့ပိုးပေးမှု ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ ဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment