Thursday, August 25, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှား သမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအား တွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အင်ဒိုနီးရှားသမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ အိတ်ခ်ျမာယူဒင်အား ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်သူများ အကျိုးအတွက် နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးသင့်ဒေသများတွင် အင်ဒိုနီးရှားနိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်နိုင်ရေး၊ မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment