Monday, August 22, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာ ဆွာရာ့ရ် နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတ နိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာ ဆွာရာ့ရ် နှင့်အဖွဲ့အား ယနေ့မွန်းလွဲ (၃)နာရီ တွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  နှစ်နိုင်ငံပညာရေး၊ ကျန်းမာရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။ 

No comments:

Post a Comment