Monday, August 22, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မြန်မာ-စင်ကာပူနှစ်နိုင်ငံ အထိမ်းအမှတ်တေးဂီတဖျော်ဖြေပွဲသို့တက်ရောက်အားပေး

နေပြည်တော် သြဂုတ်၂၂
မြန်မာ-စင်ကာပူ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နှစ် ၅၀ ပြည့်အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကို ယနေ့ညနေ ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗန်းရှင်း ဗဟိုဌာန MICC (II) တွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေးသည်။

အခမ်းအနားသို့ ပြည်သူ့ လွတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားလွတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး မစ္စတာ ရောဘတ်စ်ချွာနှင့် ၀န်ကြီးဌာန အသီးသီးမှ ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဂီတအဖွဲ့မှ နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများ ဖြင့်ဂုဏ်ပြု တီးမှုတ်ကြပြီး စင်ကာပူနိုင်ငံ YONG SIEW TOH ဂီတသင်တန်းကျောင်းမှ ဂီတပညာရှင်များ၊ ရန်ကုန်မြို့ရှိ Attachment of Clouds (AOC) မှ ဂီတပညာရှင်များနှင့် ဆိုင်းဝိုင်းပညာရှင် တို့မှ ဂန္တ၀င်ဂီတများ၊ မြန်မာနှင့်စင်ကာပူ တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။

အခမ်းအနား အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စင်ကာပူနိုင်ငံ YONG SIEW TOH ဂီတသင်တန်းကျောင်းမှ ဂီတပညာရှင်များအား ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့သည်။ 

No comments:

Post a Comment