Tuesday, August 23, 2016

ပြည်ထောင်စုရှေ့နေချုပ်က ADB မှ ဌာနေညွှန်ကြားရေးမှူး Mr. Winfried F. Wicklein အားတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၂၃
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ADB မှ ဌာနေညွှန်ကြားရေးမှူး Mr. Winfried F.Wicklein ဦးဆောင်သော အဖွဲ့အားယနေ့ နံနက် ၁၀နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များကို လည်းကောင်း၊ ထိုလုပ်ငန်းစဉ်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း ရှင်းလင်း ပြောကြားပြီးနောက် မြန်မာနိုင်ငံ၏ Insolvency Law အား ပြင်ဆင်ရေးဆွဲရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်ဌာနများမှ ဝန်ထမ်းများကိုဟောင်ကောင်၊ ဗီယက်နမ်နှင့် စင်ကာပူစသည့် နိုင်ငံများတွင် သွားရောက်လေ့လာနိုင်ရေးအတွက် ADB ၏ စီစဉ်ဆောင်ရွက်ထားမှုများ၊ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဥပဒေမူဘောင်များ တိုးတက်ကောင်းမွန်လာစေရေးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဥပဒေစိစစ်ရေးဦးစီးဌာနမှ ဥပဒေအရာရှိများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးမြှင့်လာစေရေး တို့အတွက်လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီများနှင့် ဥပဒေရေးဆွဲရေး သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ADB တို့အကြား တိုးမြှင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ စသည်တို့ကိုဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment