Wednesday, July 6, 2016

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ထိုင်းသံအမတ်ကြီး H.E.Mr.PisahuSuvanajataမှ လာရောက်တွေ့ဆုံ


နေပြည်တော်၊ ဇူလိုင် ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား ယနေ့နံနက် ၉ နာရီတါင် မေခလာခန်းမတွင် ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. PisahuSuvanajata ဦးဆောင်သော အဖွဲ့ လာရောက်တွေ့ဆုံသည်။


တွေ့ဆုံစဉ် လူကုန်ကူးမှုတိုက်ဖျက်ရေး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ပြန်လည် ထူထောင်ရေးစင်တာအား ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက မည့်ကိစ္စရပ်များ၊ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ပြည်သူကျန်းမာရေးဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများ၊ KhonKaen တက္ကသိုလ်နှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဒီပလိုမာ ဘွဲ့သင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လျက်ရှိသည့် ထိုင်းနိုင်ငံမှ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် Public Private Partnership လမ်းစဉ်များ ရှာဖွေနိုင်ရေးကိစ္စရပ်များနှင့်‌ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာနေထိုင်သူများအား ပြန်လည်လက်ခံရေးနှင့် ရေရှည်ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

No comments:

Post a Comment