နေပြည်တော် ဇူလိုင် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တတဲရှိ
ဟိဂုချီနှင့် ဟီတာချီလီမိတက်၏ ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ခံအမှုဆောင်အရာရှိချုပ်
မစ္စတာ ဟိရိုအကိ နာကာနိရှိနှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ
အိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန်
ရင်းနှီးမြှုပ်နှံရေး တွင် ဂျပန်နိုင်ငံအနေဖြင့် ပူးပေါင်း ပါဝင် ရင်းနှီးမြှုပ်နှံရေး၊
မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက် လာစေရေးအတွက် ဂျပန်နိုင်ငံမှ
ပုဂ္ဂလိကကုမ္ပဏီများ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ
အကူအညီများ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ရေးဆိုင်ရာများ၊
မြန်မာ-ဂျပန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့်
စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

No comments:
Post a Comment