နေပြည်တော်
ဇူလိုင် ၁
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး
H.E. Mr. Lim Sung-nam အား ယနေ့ မွန်းလွဲ ၁၄း၁၅ နာရီတွင် ပြည်ထောင်စု ၀န်ကြီး၏ ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးမှုတွင် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့်
မြန်မာနိုင်ငံအား ဖွံ့ဖြိုးရေးဆိုင်ရာ အထောက် အပံ့ များပေး နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်မှ
လိုအပ်မည့် ဦးစားပေးဆောင်ရွက်လိုသည့် ကဏ္ဍများနှင့် စပ်လျဉ်း ၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ကိုရီးယားသမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအား
နိုင်ငံခြားရေး ၀န်ကြီး ဌာန၊ ဒုတိယ၀န်ကြီး ဦးကျော်တင် မှ လည်း ယနေ့နံနက် ၁၀း၀၀ နာရီ
တွင် သီးခြားတွေ့ဆုံခဲ့ပါသည်။


No comments:
Post a Comment