Friday, July 1, 2016

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ သစ်ပင်စိုက်ပွဲကျင်းပ


နေပြည်တော် ဇူလိုင် ၁
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သစ်ပင်စိုက်ပွဲကို ဇူလိုင် ၁ ရက် နံနက် ၉ နာရီခွဲတွင် ရုံးအမှတ် (၂၇) တာပိတ်ဆည် ပတ်လည်နှင့် ရုံးအမှတ်(၆) ရှေ့မျက်နှာစာတို့တွင် ကျင်းပခဲ့ပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း တွင် လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာန ကွပ်ကဲမှုအောက် တိုင်းဒေသကြီး /ပြည်နယ်များရှိ စက်ရုံ၊ အလုပ်ရုံ၊ ခွဲရုံ၊ လိုင်းရုံး၊ စီမံကိန်းရုံး စသည့်နေရာများတွင်  ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ စသည့် ရတနာတန်းဝင် ပင်များ၊ သရက်၊ မာလကာ၊ သြဇာ စသည့် စားပင်၊ သီးပင်များ၊ ကံ့ကော်၊ စိန်ပန်းကြီး၊ တမာ၊ မယ်ဇယ်၊ မယ်ဇလီ စသည့် အရိပ်ရလေကာပင်များ အပါအဝင် ပျိုးပင်စုစုပေါင်း (၃၂၅၉၄)ပင်တို့အား စိုက်ပျိုး ခဲ့သည်။
ရုံးအမှတ်(၂၇) သစ်ပင်စိုက်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/ လုပ်ငန်း/ကော်ပိုရေးရှင်း များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ဝန်ထမ်း(၅၄၆)ဦး တို့က တပျော်တပါး ပါဝင်စိုက်ပျိုးကြကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment