Friday, July 1, 2016

(၁၁) ကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုချီးမြှင့်ပွဲကျင်းပ


ရန်ကုန် ဇွန် ၃ဝ
(၁၁)ကြိမ်မြောက် သုတစွယ်စုံစာပေဆု (၂ဝ၁၄ ခုနှစ်အတွက်)ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပရာ သုတစွယ်စုံစာပေဆု အလှူရှင်နှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင် စွယ်စုံမီဒီ ယာဂရု(ပ်) ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ဆုချီးမြှင့်ရခြင်းအကြောင်း၊ ဆုရွေးချယ်ပုံအဆင့်ဆင့်နှင့် ဆုရွေးချယ်ရေး အဖွဲ့၏ သုံးသပ်ချက်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် စာပေပညာရှင်ကြီးများနှင့်တာဝန်ရှိသူများက သုတစွယ်စုံ တစ်သက်တာစာပေဆုရ တက္ကသိုလ် စိန်တင်၊ 'ကျွန်တော်နဲ့ ....ဆောင်းပါးများ စုစည်းမှု'စာအုပ်ဖြင့် သုတစွယ်စုံ စာပဒေသာဆုရ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ 'ဦးသန့်၊ ကုလသမဂ္ဂနှင့် အတွင်းရေးမှူးချုပ်များ' စာအုပ်ဖြင့် သုတစွယ်စုံ ရည်òန်းစာပေဆုရ ထွန်းသစ်၊ 'ဓားတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူနှင့် စာပေလူကြမ်း မင်းသား' စာအုပ်ဖြင့် သုတစွယ်စုံ အတ္ထုပ္ပတ္တိ စာပေဆုရဝင်းငြိမ်း၊ 'အနောက် ကမ္ဘာသို့ခရီးသွားခြင်း' စာအုပ်ဖြင့် သုတစွယ်စုံ နိုင်ငံတကာရေးရာစာပေဆုရ သတိုးလွင်(ပထဝီဝင်)၊ 'ရှေးမြန်မာ မင်းများ၏ ခေါင်းဆောင်မှု အရည်အသွေးကို လေ့လာခြင်း (ပထမမြန်မာနိုင်ငံတော်)'စာအုပ်ဖြင့် သုတစွယ်စုံဝိဇ္ဇာစာပေဆုရ ကျော်ကျော်လှိုင် (SMART) နှင့် 'လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စံပယ်တောင် မြန်မာ့ကြေးနီ သတ္တုသိုက်နှင့် က္ဘာ့ကြေးနီသတ္တုသိုက်များ'စာအုပ် ဖြင့် သုတစွယ်စုံအသုံးချသိပ္ပံစာပေဆုရ ပန်းတနော် ခင်မောင်မြင့်တို့အားဆုများ ချီးမြှင့်ကြသည်။
ဆက်လက်၍ စွယ်စုံမီဒီယာဂရု(ပ်)က အဖွဲ့အစည်းအသီးသီးနှင့် စာကြည့် တိုက်များသို့ ငွေကျပ် သိန်း ၁၃ဝ လှူဒါန်း ပြီး သုတစွယ်စုံစာပေဆုရွေးချယ်ရေး အဖွဲ့အား မေတ္တာလက်ဆောင်များ ပေးအပ်သည်။

ယင်းနောက် စာပေဆုရရှိသူများ ကိုယ်စား ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ဦးဝင်းငြိမ်း၊ တက္ကသိုလ် စိန်တင်နှင့် အလှူလက်ခံရရှိသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။

No comments:

Post a Comment