Friday, July 1, 2016

ယူရို ၁၆၉ ဒသမ ၅၂ သန်းတန်ဖိုးရှိ ကျောက်စိမ်းတွဲပေါင်း ၈၀၂ တွဲရောင်းချ


နေပြည်တော် ဇူလိုင် ၁
(၅၃)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ယနေ့ ဆက်လက်ကျင်းပရာ ကျောက်စိမ်း အတွဲပေါင်း ၆၀၆၂ တွဲအနက်မှ စတုတ္ထအကြိမ် အတွဲ ၁၀၀၀ ကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် တင်ပြကြရာ ယူရို ၁၆၉ ဒသမ ၅၂ သန်းတန်ဖိုးရှိ ၈၀၂ တွဲကို ရောင်းချခဲ့သည်။

ပြပွဲ၏ အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ၈၀၂ တွဲကို ယူရို ၁၆၉ ဒသမ ၅၂ သန်း ဖြင့် ရောင်းချခဲ့ရသည်။ ယခင်နေ့များက ပုလဲအတွဲပေါင်း ၃၁၂ တွဲကို ၃ ဒသမ ၁၂ သန်း၊ ကျောက်မျက်အတွဲပေါင်း ၆၃ တွဲကို ယူရို ၃ ဒသမ ၂၉ သန်းဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲ ယူရို ၆၂၄ တွဲကို ယူရို ၃၆ ဒသမ ၅၆ သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်း ၅၈၉ တွဲကို ယူရို ၆၉ ဒသမ ၇၈ သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်း ၆၈၄ တွဲကို ယူရို ၅၁ ဒသမ ၁၃ သန်းဖြင့်လည်းကောင်း  နေ့စဉ်ရောင်းချခဲ့ပြီးဖြစ်၍ ယနေ့အထိ ပြပွဲမှ စုစုပေါင်းရောင်း ချရငွေမှာ ယူရို ၃၂၆ ဒသမ ၉၉ သန်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပိုမိုအရည်ကောင်းမွန်သော ကျောက်စိမ်းအတွဲ ၁၀၀၀ စီကို ဇူလိုင် ၃ ရက်အထိ နေ့စဉ် ပြသ ရောင်းချမည်ဖြစ်ပြီး ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ယူရို ၁၀ သန်းတန် ကျောက်စိမ်း အပါအ၀င် ယူရို ၂၀၀၀၀၁ တန် ဖိုးအထက်ရှိ ကျောက်စိမ်း အတွဲများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment