နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၄၇/ ၂၀၁၆
၁၃၇၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်
(၂၀၁၆ ခုနှစ်၊ ဇူလိုင် ၄ ရက်)
ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ
ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၂၇၆၊ ပုဒ်မခွဲ (စ) ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဆ)နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(ခ) တို့ပါ
ပြဋ္ဌာန်းချက်များအရ ရှမ်းပြည်နယ်ဝန်ကြီးချုပ် က အမည်စာရင်း တင်သွင်းလာသည့် ဦးအာကာလင်း
ကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment