Sunday, July 31, 2016

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ



နေပြည်တော် ဇူလိုင်-၃၁
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ ရေဆင်းဆည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည် အနီး၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် အားပေးပြီး အထိမ်းအမှတ် သစ်ပင်များကို စိုက်ပျိုးပေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ခရေပင်ကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက ကံ့ကော်ပင်ကို လည်းကောင်း စိုက်ပျိုးပေးပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် ဇနီး၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက် လာကြသူများက စိုက်ပျိုးပင်များအား သတ်မှတ် နေရာအသီးသီးတွင် စိုက်ပျိုးကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှု အားပေးကြသည်။
ယနေ့ ကျင်းပ ပြုလုပ်သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၁၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် (၅၀၀၀)အား စိုက်ပျိုးပေးခဲ့သည်။ တပ်မတော် တစ်ရပ်လုံး အနေဖြင့် ယနေ့ စိုက်ပျိုးသည့် စိုက်ပျိုးပင် စုစုပေါင်းမှာ ၄၃၀၀၂၇ ပင်ဖြစ်ကြောင်း သတင်းရရှိသည်။
(မြ၀တီ)

No comments:

Post a Comment