Wednesday, July 27, 2016

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစည်းအဝေး ကချင်ပြည်နယ် မိုင်ဂျာယန်၌ စတင်ကျင်းပ


မိုင်ဂျာယန် ဇူလိုင် ၂၆
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက ကချင် ပြည်နယ် မိုင်ဂျာယန်၌ စတင်ကျင်းပသည်။

အစည်းအဝေးနှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်တစ်ရပ်၌်၌ အစည်းအဝေး၏ တရားဝင် ခေါင်းစဉ်အ်အမည်သည် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေးဖြစ်ကြောင်း ဖော်ပြထား သည်။
အစည်းအဝေးသဘာပတိ ညီညွတ်သောတိုင်းရင်းသား လူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဦးအင်ဘန်လက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့ UNFC ခေါင်းဆောင်များ လွန်ခဲ့သည့်အပတ်က တွေ့ဆုံ ခဲ့စဉ်တွင်လည်း တိုက်ပွဲကိစ္စများ ဖြေရှင်းသွားရန် တင်ပြခဲ့ကြောင်း၊ ထို့အပြင် (၂၁)ရာစု ပင်လုံညီလာခံသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြားတွင် ထားရှိခဲ့ကြ သည့် နိုင်ငံရေးပဋိညာဉ်ကို ဆက်လက် သယ်ဆောင်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် အတွက် အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်း ဖြစ်ရန် လိုအပ်မည်ဖြစ်သည်ကို တိုက်တွန်းပြောဆိုခဲ့ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ မိမိတို့နှင့် ဆက်စပ် ပတ်သက်နေသော တိုင်းရင်းသားပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၏ တည်ရှိမှုသည် ကာလဒေသအပေါ်မူတည်ပြီး မတူကွဲပြားမှုများရှိနေပါကြောင်း၊
ယနေ့ ယခုအချိန်၏ နိုင်ငံရေး အခင်းအကျင်းတွင် မိမိတို့ တိုင်းရင်းသားများ အကြားစုစည်းညီညွတ်မှုရှိရန် လွန်စွာ အရေးကြီး သည့်အချိန် အခါဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရဘက်ကလည်း နိုင်ငံရေးပြဿနာများကို ဆွေးနွေးအဖြေရှာနိုင်မည့် အခင်းအကျင်းကို ဖော်ဆောင် နိုင်ရန်အတွက် (၂၁)ရာစု ပင်လုံညီလာခံ ကိုပြုလုပ်သွားမည့် အစီအစဉ်ရှိနေကြောင်း၊ တိုင်းရင်းသား များ ဘက်ကလည်း ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုပုံဖော်သွားနိုင်မည့် ဘုံသဘောထားများ သဘောတူ ချမှတ် သွားနိုင်ရန် လွန်စွာ အရေးကြီးကြောင်း၊ ယနေ့မျက်နှာစုံညီ အစည်းအဝေးကြီးမှ အားလုံး လက်ခံ သဘောတူညီနိုင်မည့် ဘုံသဘောထား ရပ်တည်ချက်များ သဘောတူချမှတ်သွားနိုင်လိမ့်မည်ဟုလည်း ယုံကြည် ကြောင်း၊ တစ်ဆက် တည်း တင်ပြလိုသည်မှာ ယခု မျက်နှာစုံညီ အစည်းအဝေးမှ သဘောတူညီချက်များကို မည်သို့ လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက် သွားကြမည်ဆိုသည့်အချက်ကိုလည်း အားလုံးဝိုင်းဝန်း အကြံပြုဆွေးနွေးသွားစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးကျင်းပရေးကော်မတီဥက္ကဋ္ဌ ခူဦးရယ်က ဤအစည်းအဝေး ကို အဓိက ရည်ရွယ်ချက် နှစ်ရပ် အပေါ်အခြေပြုပြီး ကျင်းပရခြင်းဖြစ်ကြောင်း၊ပထမရည်ရွယ်ချက်မှာ (၂၁)ရာစုပင်လုံ ညီလာခံ ကျင်းပရေး အတွက် အကြို ညှိနှိုင်းရေးဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထားရပ်တည်ချက် ရယူရေးတို့ပင်ဖြစ် ကြောင်း။
ယင်းရည်ရွယ်ချက်နှစ်ရပ် ထမြောက်အောင်မြင်ရန် အတွက် ခေါင်းစဉ်လေးခု ကိုအခြေခံပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာရန် ကျင်းပရေးကော်မတီ အနေဖြင့် ပြင်ဆင်ထားကြောင်း၊ ပထမခေါင်းစဉ်မှာ ပင်လုံလက်စွဲ စာတမ်း ဆွေးနွေး အတည်ပြုခြင်း၊ ဒုတိယမှာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေများအတွက် အခြေခံမူများ၊ တတိယခေါင်းစဉ်မှာ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူ များနှင့် နောက်ဆုံးခေါင်းစဉ် မှာ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်ပြင်ဆင်ရေးတို့ဖြစ် ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့် အလေးအနက်ထားပြီး စိတ်ရှည်သည်းခံမှုနှင့် မေတ္တာ စေတနာရှေ့ထားပြီး အပြန်အလှန်ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်ဖြင့် တင်ပြဆွေးနွေးကြရန် မေတ္တာရပ်ခံ လိုကြောင်း ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဗီးယားနှင့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးရာဌာန၏ အာရှရေးရာအထူးသံတမန် Mr. Sun Guoxiang တို့က အမှာစကား ပြောကြားကြ သည်။
ယနေ့ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးသို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသား ဒီမိုကရေစီ အကျိုးပြု တပ်မတော် (DKBA)၊ ကချင်အ မျိုးသားလွတ်မြောက်ရေး အဖွဲ့((KIO)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) ၊လားဟူဒီမိုကရက် တစ်ယူနီယံ (LDU)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) (မိုင်းလား)၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ (RCSS / SSA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/ SSA)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက် ဒရယ်ကောင်စီ (UNFC)၊ ရခိုင်အမျိုးသား အဖွဲ့ချုပ်(ULA / AA)၊ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)၊ ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း (NBF)၊ ညီညွတ်သော တိုင်းရင်းသား များ မဟာမိတ်အဖွဲ့(UNA)၊ “၀အမျိုးသား အဖွဲ့ချုပ်(WNO)၊ ပြည်ထောင်စု အင်စတီကျူ (PI) မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ(ENAC)တို့ တက်ရောက်ကြသည်။
ယနေ့အစည်းအဝေးသို့ TNLA (တအာင်းပလောင်)၊ MNDAA (ကိုးကန့်)၊ NSCN-K(နာဂ)၊ UWSA”၀ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း လေးဖွဲ့ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။
သတင်း-ရဲခေါင်ညွန့်

ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment