Wednesday, July 27, 2016

သီအိုရီ၊ ဥပဒေသများအခြေခံပြီး သင်ကြားလေ့ကျင့်ပေးသည်များကို လက်တွေ့နယ်ပယ်တွင် ဆင်ခြင် တုံ တရားနှင့် မှန်မှန်ကန်ကန်ဦးဆောင်


နေပြည်တော် ဇူလိုင် ၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် သံတောင်ကြီး တပ်နယ် တပ်မတော် (ကြည်း) တိုက် ခိုက်ရေး ကျောင်း(ဘုရင့်နောင်)ရှိ အားကစားခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများနှင့် သင်တန်းသားများအားတွေ့ဆုံ၍ အမှာ စကားပြောကြား ရာတွင် သင်တန်းများတွင် အဆင့်ဆင့်သော တပ်မတော် တာဝန်များကို မှန်ကန်စွာ ဦးဆောင်မှုပေး၍ တာဝန် ထမ်းဆောင်နိုင်ရန် သင်ကြားလေ့ကျင့်ပေးနေကြောင်း၊ သီအိုရီများ၊ ဥပဒေသများကိုအခြေခံပြီး သင်ကြားလေ့ကျင့်ပေးသည်များကို လက်တွေ့နယ်ပယ်တွင် မိမိ၏ဆင်ခြင်တုံ တရားနှင့်ပေါင်းစပ်၍ မှန်မှန်ကန်ကန် ဦးဆောင်မှုပေးနိုင်ရမည် ဖြစ်ကြောင်း။

တပ်မတော်သားများအနေဖြင့် မိမိ၏အသက်၊ သွေး၊ ချွေး၊ ခန္ဓာပေးဆပ်၍ တာဝန် ထမ်းဆောင် ရသူ များဖြစ်ကြောင်း၊ မိမိ၏ လုပ်ငန်းတာဝန်အပေါ် တန်ဖိုးထားပြီးလုပ်ရန်လိုအပ်သကဲ့သို့ အရာရာတွင် မပေါ့ဆဘဲ စိတ်ပါ ဝင်စား စွာဖြင့် အလေးအနက်ထားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အလုပ်အပေါ် စိတ်မ ဝင်စားဘဲ ပေါ့ဆစွာ တာဝန်ထမ်းဆောင် မှုကြောင့် ပေးဆပ် ရမှု၊ ဆုံးရှုံးမှု များစွာဖြစ်ပေါ် စေနိုင်သောကြောင့် လုပ်ငန်း တာဝန်များကို စိတ်ဝင်တစားဖြင့် ကြိုးစားဆောင်ရွက်ရေးတို့ကို မှာကြားသည်။
မိမိ၏အသိစိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင်မှုသည် ခွန်အားတစ်ရပ် ပင်ဖြစ်ကြောင်း၊ မိမိ၏ လုပ်ငန်း တာဝန်နှင့်ပတ်သက်၍ လုပ်သင့် လုပ်ထိုက် သည် များကို မိမိ၏အသိစိတ်ဓာတ်ဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင် ကြရ မည်ဖြစ်ကြောင်း၊ ယင်းသို့ တာဝန်ထမ်းဆောင်မှု ကိုလည်း ခေါင်းဆောင် များ အနေဖြင့် အသိ အမှတ်ပြု အားပေးကြရ မည်ဖြစ်ကြောင်း၊ မိမိတို့၏ တာဝန် ထမ်းဆောင်မှုသည် လက်ဖြင့်မ၍ ထမ်းဆောင် မှုမျိုးမဟုတ်ဘဲ ပခုံးဖြင့်ထမ်း၍ တာဝန်ထမ်းဆောင်မှုမျိုးဖြစ်ရန် ခိုင်ခိုင်မာမာ၊ တောင့်တောင့် တင်းတင်း ရှိစေရန် လိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သုတရသစာအုပ်၊ စာစောင်များနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ပန်းပေါင်းစုံဘုရား ဆင်းတုတော်များ အား လည်းကောင်း ပေးအပ် လှူဒါန်းကြ သည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် သံတောင်ကြီးမြို့ ရှိ တပ်မတော် လက်ဖက် ခြောက် စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်ပြီး သံတောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက် ၍ ဆေးရုံတက်ရောက် ကုသမှုခံ ယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင် များကို တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဆေးကုသမှုနှင့် ကျန်းမာရေး အခြေ အနေ များကိုမေးမြန်းကာ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment