နေပြည်တော် ဇွန်
၁၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်
ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မား လာစေရေး ရက်(၁၀၀) စီမံချက်တွင်
ဆောင်ရွက်ရန် ရှိသည့် လုပ်ငန်းများအနက် လုပ်ငန်း တစ်ခုဖြစ်သည့် ပုံမှန်ကာ ကွယ်ဆေးထိုး အစီအစဉ်၌ ကာကွယ်ဆေး အသစ်
ထည့်သွင်း ထိုးနှံခြင်းကို ဆောင်ရွက် နိုင်တော့မည် ဖြစ်ပါကြောင်း ဖြင့် ယနေ့ နံနက်၈
နာရီခွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသော ပုံမှန်ကာကွယ် ဆေးထိုး အစီအစဉ်တွင်
ကာကွယ်ဆေးအသစ် ပြင်းထန်အဆုတ်ရောင် ရောဂါပိုးကာကွယ်ဆေး(PCV) ထည့်သွင်းထိုး နှံခြင်း
ဗဟိုအဆင့်အသိပေး ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေး က ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်
ရှေ့လုပ်ငန်းစဉ်များကို ရက် (၁၀၀)၊ (၆)လနှင့် (၁၂)လ စီမံချက်များရေးဆွဲပြီး ဆောင်ရွက်လျက်ရှိရာ
ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေး အသစ်ထည့်သွင်း ထိုးနှံခြင်းကို ရည်မှန်းထားသည့်
အတိုင်း (၂၀၁၆)ခုနှစ်၊ ဇူလိုင်လတွင် ဆောင်ရွက်နိုင်တော့ မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ
တစ်ဝန်းလုံးရှိ ကလေးငယ်များကို ကူးစက်ရောဂါပိုး(၁၀)မျိုးမှ ကင်းဝေးစေရေး အတွက် ကာကွယ်ပေးနိုင်ပြီ ဖြစ်ပါကြောင်း၊ သို့ရာတွင် ဆေးထိုးမှုအချိန်ဇယားမှန် ကန်ရေး၊
ကာကွယ်ဆေးကို ထိန်းသိမ်း၊ သိုလှောင်၊ သယ်ယူပို့ ဆောင်မှုမှန်ကန်ရေး၊ အအေးခန်း (Cold
Chain) ထားသိုသယ် ဆောင်မှုမှန်ကန်ရေး၊ ဆေးထိုးပုံနည်းစနစ်မှန်ကန်ရေး၊ ကလေးများအား လုံလောက်သော
လွှမ်းခြုံမှု (Coverage) ကောင်းရေး၊ ထိုးသော ဆေးတွင် အာနိသင်ရှိပြီး (WHO Pre
qualified) ဖြစ်စေရေး စသည့်အချက်များသည် အရေးကြီးပါကြောင်း။
ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး
(PCV) ကို နိုင်ငံတော်က တစ်နှစ်စာထည့်ဝင်ငွေ အမေရကန်ဒေါ်လာ (၁.၁၈) သန်းကျော် အကုန်ကျခံ
ထည့်သွင်းပြီး ထိုးနှံပေးခြင်းဖြစ်ကြောင်း။
(၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်အစိုးရက ကာကွယ်ဆေးထိုး
လုပ်ငန်းအတွက် ကုန်ကျရန် လျာထားသည့်ငွေကြေးသည် အမေရိကန်ဒေါ်လာ (၆.၇) သန်းခန့် ရှိသောကြောင့်
ကလေးတစ်ဦးလျှင် (၇) ဒေါ်လာခန့် ကုန်ကျခံဆောင်ရွက် သွားမည်ဖြစ်ရာ နှီးနွယ်ဝန်ကြီးဌာနများ၊
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ မိတ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူလူထုကလည်း မိမိတို့၏ကျရာအခန်း
ကဏ္ဍအလိုက် ပူးပေါင်း ပါဝင် လက်တွဲကူညီ ဆောင်ရွက်ပြီး မြန်မာနိုင်ငံအတွင်းမှ ကာကွယ်ဆေး
ရရှိသင့်သည့် ကလေးငယ် တစ်ဦးတစ်ယောက်မျှ ကာကွယ်ဆေးမရရှိဘဲ
မကျန်ရစ်ရလေအောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
တာဝန်ရှိသူများက ပြင်းထန်အဆုတ် ရောင် ရောဂါပိုးကာ ကွယ်ဆေး (PCV) ထည့်သွင်းထိုးနှံမှုနှင့်ပတ်သက်၍
အသေးစိတ် ဆွေးနွေးပြီး၊ တက်ရောက်လာသူများမှ သက်ဆိုင်ရာက ဏ္ဍအလိုက် ပံ့ပိုးမည့်ကိစ္စများအား
ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment