နေပြည်တော် ဇွန် ၁၇
ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ နိုင်ငံ သံအမတ်ကြီး
H.E. Mr. Joao Freitas de Camara ကို ယနေ့နံနက် ၁၁ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တီမောလက်စ်တေနိုင်ငံမှ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်စေရေး
ကြိုးပမ်း ဆောင်ရွက်နေမှုများတွင် မြန်မာနိုင်ငံမှ ပါဝင်ကူညီပေးရေးနှင့် နှစ်နိုင်ငံပိုမို
ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment