ရန်ကုန်
ဇွန် ၁၁
ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံ - ( ၂၁ ) ရာစု ပင်လုံ " အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁)၏ တတိယနေ့
ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေးဗဟိုဌာန (NRPC ) ရန်ကုန်ရုံးခွဲ တွင် ဆက်လက်ပြုလုပ်သည်။
တတိယနေ့ ဆွေးနွးပွဲသည်
လာမည့်အနာဂါတ်တွင် ကျင်းပမည့် ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံ - ( ၂၁ )
ရာစုပင်လုံတွင် ချမှတ်မည့် နိုင်ငံရေးဆွေးနွေး မှု ဆိုင်ရာမူဘောင် framework အတွက်
ထည့်သွင်း စဉ်းစားရမည့် အချက်များ ရရှိ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲနှင့်
ပတ်သက်၍ ဆပ်ကော်မတီ(၂)၏ အတွင်းရေးမှူး ဦးလှမောင်ရွှေက "ပြီးခဲ့တဲ့ပြည်ထောင်
စုငြိမ်းချမ်းရေးညီလာခံ မှာက ဆုံးဖြတ်ချက်တွေ ထုတ်ခဲ့တာ မဟုတ်ဘူး။ အရင်အစိုးရက
Framework ဆွဲတဲ့ အချိန်မှာ ရွေးကောက်ပွဲက ပြီးနေပြီ။ ဒီတော့အရင်အစိုးရက
နောင်အစိုးရ လုပ်သာကိုင်သာ ရှိဖို့အတွက် ပြန်လည်ပြင်ဆင်လို့ ရအောင် လွယ်လွယ်ကူကူ
လုပ်ပေးခဲ့တာပဲရှိတယ်။ အခုလာမယ့် ၂၁ရာစုပင်လုံညီလာခံ မှာတော့ ဆုံးဖြတ်ချက်တွေ
ထုတ်မယ်။ ကျွန်တော်တို့ ဆွေးနွေးနေတာက ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရမယ့် အရာတွေကို
စဉ်းစားချက်တွေအနေနဲ့ စဉ်းစားတာ။ Brainstorm လုပ်တာ။ ဘယ်အရာကိုတော့
ဘယ်လိုကဏ္ဍအောက်ကို ထည့်မယ် ဆိုတာမျိုးတော့ အသေးစိတ်တော့ မရှိသေးဘူး။ ဒီလို စဉ်းစား
ထားခြင်း အားဖြင့် NCA လက်မှတ်မထိုးရသေးတဲ့ သူတွေ ပါဝင်လာတဲ့အခါ အသုံးတည့်မယ်။ အသေးစိတ်တွေကတော့
လက်မှတ် မထိုးရသေးတဲ့ သူတွေ လာတော့ ထပ်ညှိရမယ်။ အချိန်ကာလကိုလျော့ချနိုင်မယ်
ဆိုပြီး ဆွေးနွေးတာ ပါ" ဟုပြောသည်။
ယနေ့ပြုလုပ်သည့် တတိယနေ့
ဆွေးနွေးပွဲတွင် တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊
ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင် နှင့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး
တို့မှလည်း တိုင်းရင်းသား လက်နက်ကိုင်များ အတွက် ၄င်းတို့၏ စဉ်းစားချက်များ
ထည့်သွင်းပြောဆိုခဲ့ကြောင်း NRPC မှသိရသည်။
အပစ်အခက်ရပ်စဲရေးစာချုပ်(NCA)
လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အားလုံး
လာမည့်ညီလာခံတွင် ပါဝင်လာနိုင်မည့် နည်းလမ်းများ စဉ်းစားထားပြီး
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့မှ ၀၊ မိုင်းလား
လက်နက်ကိုင် အဖွဲ့များနှင့် ဇွန်လတတိယပတ် မတိုင်ခင်သွားရောက် တွေ့ဆုံမည်
ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။
ဦးလှမောင်ရွှေက
"အခုကျွန်တော်တို့ လက်မှတ်မထိုးရသေးတဲ့ UNFC ဘက်က လူတွေ အားလုံးကို
ပြည်တွင်းမှာ တွေ့ဆုံဖို့ဖိတ်ထားတယ်။ ၀နဲ့ မိုင်းလားကတော့
ရှေ့လာမယ့်အပတ်ထဲမှာတွေ့မယ်။ ဆက်သွယ်လို့ မရသေးတာကတော့ နာဂ တစ်ဖွဲ့ပဲရှိတယ်။
ဆယ်သွယ်နေဆဲပဲ။ MNDAA ၊ AA နဲ့ TNLA သုံးဖွဲ့ကတော့ တပ်မတော်ဘက်က ပြောထားတဲ့ ကြိုတင်
စည်းကမ်းချက် ၂ ချက်ရှိတယ်။ ကျွန်တော်တို့ ပြောတာနဲ့မီဒီယာ မှာ ဖော်ပြ
တာလွဲသွားစိုးလို့။ ကျွန်တော်တို့ ဒါကိုရှင်းကို ရှင်းပြဖို့တာဝန်ရှိတယ်။
ရှင်းပြတဲ့ အခါမှာလည်း တပ်မတော်ရဲ့ စဉ်းစားချက်လည်း ရှင်းပြရမယ်။ နည်းလမ်း
တွေ့နိုင်မလား မေးရင် တွေ့နိုင်ပါတယ်လို့ ပြောရမှာပဲ။ ဘယ် လိုဖြစ်ဖြစ်
ဒီတာဝန်တွေကိုတော့ ကျွန်တော်တို့ ယူရကြရမှာပဲ။ ဘယ်အရာက ညီလာခံကို တက်ရောက်ဖို့
ညှိနှိုင်းနိုင်မလဲ ဆိုတာတွေကတော့ ဆက်လုပ်မှ သိမယ်" ဟု ဆပ်ကော်မတီ (၂) ဆက်လက်
လုပ်ဆောင်သွားမည့် ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ပြောသည်။
ယနေ့ပြုလုပ်သည့်
တတိယနေ့ဆွေးနွေးပွဲသို့ NCAစာချုပ် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား
လက်နက်ကိုင် (၈) ဖွဲ့မှ ကိုယ်စားလှယ် (၇) ဦးနှင့် အလုပ်အဖွဲ့များ
တက်ရောက်ခဲ့ကြသည်။ အစိုးရကိုယ်စားလှယ်အနေဖြင့် ဆပ်ကော်မတီ (၁)မှ ဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်၍ ကိုယ်စား လှယ် (၈) ဦး တက်ရောက်ခဲ့ကြပြီး
စတုတ္ထနေ့ ဆွေးနွေးမှုအဖြစ် ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီတွင် NRPC ရန်ကုန်ရုံးခွဲ၌
ဆက်လက်ပြုလုပ်မည်ဖြစ် သည်။

No comments:
Post a Comment