နေပြည်တော်
ဇွန် ၁၁
စက်မှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုသည် ဇွန်(၁၀) ရက် နေ့လည်ပိုင်းတွင်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အမှတ် (၂၄) အကြီးစားစက်ရုံ
(ဒဂုံ)ကြီးကြပ်မှုအောက်ရှိLED အလုပ်ရုံသို့ ရောက်ရှိစဉ် စက်ရုံအစည်းအဝေးခန်းမ၌
စက်ရုံမှူးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက LEDအလုပ်ရုံအား စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည့်
အနာဂတ်ကာလတွင် လျှပ်စစ်
အများအပြားသုံးစွဲရန် လိုအပ်လာမည်ဖြစ်၍
စွမ်းအင်ချွေတာပြီးပသာဒ လှပတင့်တည်သည့် LEDတပ်ဆင်အသုံးပြုမှု များပြား
လာနိုင်မှုကိုမျှော်မှန်း၍ ဆက်လက်လည်ပတ် ဆောင်ရွက်ရမည် ဖြစ်သဖြင့် စိတ်ဝင်စားမည့်
လုပ်ငန်းရှင်များကိုဖိတ်ခေါ် ၍ ပူးပေါင်းဆောင် ရွက် သွားမည်ဖြစ်ကြောင်း၊
တင်ဒါခေါ်ယူရာတွင် ပွင့်လင်းမြင်သာသောတင်ဒါ ခေါ်ယူရေးစနစ်ကို ကျင့်သုံးရန် လိုကြောင်း၊
ဝန်ထမ်းများအနေဖြင့် တီထွင် ဆန်းသစ်မှုများကို အမြဲမပြတ်ဆောင်ရွက်ရန်နှင့်
နည်းပညာအသစ် ရရှိရေး အတွက် တစ်စိုက်မတ်မတ် လေ့လာသင်ယူနေရန်လိုကြောင်း၊
မိမိတို့စက်ရုံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့် ပြည်ပမှတင်သွင်းသည့် အလားတူ
ကုန်ပစ္စည်း တို့ကိုနှိုင်းယှဉ်၍ အားနည်းချက်၊ အားသာချက်များကို သုတေသန ပြုလုပ်ပြီး
မိမိထုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရေး ပြုပြင်
ထုတ်လုပ်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် စက်ရုံရေရှည် ရှင်သန် ရပ်တည်ရေးအတွက်
တက်ကြွစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။
ဆက်လက်၍ LED
မီးသီးထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်ကို လည်းကောင်း၊ ထုတ် လုပ်ပြီးLEDမီးအိမ်နှင့်
မီးကဒ်များကို လည်းကောင်း၊ ဈေးကွက်သို့ တင်ပို့ရောင်းချရန် အသင့်ဖြစ်နေသည့် LED
မီးအိမ်များနှင့် မီးကဒ်များထုပ်ပိုးထားရှိမှုအခြေအနေတို့ကို လည်းကောင်း၊
စက်ရုံအတွင်းဖွင့်လှစ်ထားရှိသည့် အရောင်းပြခန်းတွင် ရောင်းချရန်
ခင်းကျင်းပြသထားသည့် Solar Panel တို့ကိုလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း
လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။

No comments:
Post a Comment