ရန်ကုန် ဇွန် ၁၁
အမေရိကန်နိုင်ငံမှ
မြန်မာအပေါ်ပိတ်ဆို့အရေးယူမှုအချို့ ဖြေလျှော့ လာခြင်းကြောင့် အမေရိကန်နိုင်ငံ
ထုတ်ကုန်ပစ္စည်းတချို့ မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်သွင်းမှုရှိလာကြောင်း
အမေရိကန်- မြန်မာ စီးပွားရေး ဆက်သွယ်မှု ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်လာသော လုပ်ငန်းရှင်အချို့က
ပြောသည်။
ယခင်က
အမေရိကန်ထုတ်ကုန်အချို့ကို အခြားနိုင်ငံများမှတစ်ဆင့် ဝယ်ယူ သုံးစွဲရခြင်းကြောင့်
ကုန်ကျစရိတ်ပိုမိုပြီး ဝယ်ယူပြီးနောက်ပိုင်း ဝန်ဆောင်မှုလည်း ပါဝင်မှုမရှိသည့်အတွက်
အသုံးပြုနိုင်မှုနည်းပါးကြောင်း၊ လက်ရှိတွင် စီးပွားရေး ပိတ်ဆို့မှုများရှိနေဆဲဖြစ်သော်လည်း
ဖြေလျှော့မှုများ ပြုလုပ်လာခြင်းကြောင့် အမေရိကန် နည်းပညာသုံး အမေရိကန်နိုင်ငံ
ကုန်ပစ္စည်းများကို တိုက်ရိုက် တင်သွင်းလာနိုင်ခြင်း ဖြစ်သည်ဟု
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းမှ
အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြည်တွင်းဆောက်လုပ်ရေးနှင့်
တည်ဆောက်ရေး လုပ်ငန်းနယ်ပယ်တွင် အသုံးတွင် ကျယ်လျက်ရှိသော အမေရိကန်နိုင်ငံထုတ်
Hypertherm Powermax systems သံနှင့် သံမဏိဖြတ်စက်ကြီးများကို ယခင်က စင်ကာပူနှင့်
တခြားနိုင်ငံ များမှတစ်ဆင့် ပြည်တွင်းသို့ တင်သွင်းအသုံးပြုခဲ့ရပြီး ယခုအခါ
စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့လိုက်ခြင်းကြောင့် မြန်မာပြည်ကိုယ်စား
လှယ်အနေဖြင့် တိုက်ရိုက်တင်သွင်းလာနိုင်ပြီဖြစ်ပြီး ရောင်းချပြီးနောက်ပိုင်း
ဝန်ဆောင်မှုပေး အပ်ခြင်းကိုလည်း ဆောင်ရွက်ပေးနိုင်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ
တရားဝင် ကိုယ်စားလှယ် ရန်ကုန်မြို့ ယုဇန တာဝါရှိ First Energy Services ကုမ္ပဏီမှ
သိရသည်။
အဆိုပါ
စက်ပစ္စည်းများ၏ တန်ဖိုးမှာ သုံးစွဲသည့် စက်ပါဝါအမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ
၂ဝဝဝ မှ ဒေါ်လာ ၁ဝဝဝဝ ဝန်းကျင်အထိရှိပြီး လက်ရှိ သံမဏိစက်ရုံ၊ သံနှင့်
သံမဏိလုပ်ငန်းများ၊ သင်္ဘောကျင်းလုပ်ငန်းများ၊ လေယာဉ် ထုတ်လုပ်ရေး၊ မော်တော်ယာဉ်ထုတ်လုပ်ရေး၊
စက်မှုနှင့် စက်ရုံလုပ်ငန်းများ ၊ ဆောက်လုပ်ရေး လုပ်ငန်းကြီးများတွင်
အသုံးပြုလျက်ရှိပြီး ဈေးကွက်ဝေစု အများဆုံးရရှိထားသော နည်းပညာမြင့် စက်ပစ္စည်းများ
ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံအနေဖြင့်
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု များ ဖြေလျှော့ပေးလျက်ရှိရာတွင် အမေရိကန်
စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင်
လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိပြီး စီးပွားရေးပိတ်ဆို့မှု
အလုံးစုံဖြေလျှော့ပေးရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေးများကိုလည်း
မျှော်လင့်လျက်ရှိသည်။ စီးပွားရေးလုပ်ငန်းရှင် အများစု ကလည်း
လက်ရှိပိတ်ဆို့မှုများအလုံးစုံ ပယ်ရှားခြင်း မပြုသေးသရွေ့ အမေရိကန်၏
ရင်းနှီးမြှုပ်နှံမှုမှာ အသင့်အတင့် အခြေအနေတွင်သာရှိနေမည်ဟုလည်း သုံးသပ် မှုများ
ရှိနေသည်။ ယင်းကြောင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု ပုံမှန်ဖြစ်တည် လာစေရန် နှစ်နိုင်ငံလုံးက
ရည်ရွယ်ဆောင်ရွက်နေသည်ဟု ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
ပြီးခဲ့သည့်
၂ဝ၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ကုန်တန်ဖိုး
အမေရိကန်ဒေါ်လာ ၂၂၇ သန်းနှင့် မြန်မာနိုင်ငံမှ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၄၄
သန်းရှိခဲ့ကြောင်း သိရသည်။
No comments:
Post a Comment