နေပြည်တော် ဇွန် ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ
ခန်းမ၌ ဇွန် ၁၀ ရက် နေ့လည် ၃ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ် အေးအား Mercy Malaysia(Myanmar)
မှ Country Director ,Mr.Vladimir Arcilla Hernandez ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ်လျော့ချရေးလုပ်ငန်းများ သဘာဝ ဘေးအန္တရာယ်ခံနိုင်ရည်ရှိသည့်
လူမှုအသိုင်းအဝန်းပေါ်ပေါက်လာရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စရပ်များ၊
ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်
ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စများကို ရင်းနှီး
ပွင့်လင်းစွာဆွေးနွေးသည်။

No comments:
Post a Comment