နေပြည်တော် ဇွန် ၁၀
အင်းစိန်ဂျီတီအိုင်တွင် မူလအတိုင်း နည်းပညာနှင့် အသက်မွေးပညာ သင်တန်းများ
ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ယနေ့ပြည်သူ့လွှတ်တော်၌ အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး၏ အင်းစိန်
မြို့နယ်ရှိ စက်မှုလက်မှု သိပ္ပံ(GTI)ကျောင်း ပြန်လည်အကောင် အထည်ဖော် ရန် ရှိ၊ မရှိ မေးမြန်းမှုအပေါ်
ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဂျီတီအိုင်သည်
၁၈၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော သမိုင်းဝင်ကျောင်းဖြစ်ပြီး အလယ်အလတ်ကျွမ်းကျင်
A.G.T.I ဒီပလိုမာလက်မှတ်ရ အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာများကို အဓိက ထား လေ့ကျင့်ပေးခဲ့သော
ကျောင်းတစ်ကျောင်းဖြစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အင်းစိန်ဂျီတီအိုင်အား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အင်းစိန်ဂျီတီအိုင်မြေဧက ၄၁ ဒသမ ၉၉၇ ဧကနှင့် မြေပေါ်ရှိအဆောက်အဦ
များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်၍ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှ ပညာရေးဝန်ကြီးဌာနသို့ အဆင့်လိုက်ပြန်လည် လွှဲပြောင်းနိုင်ရန်
ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဒေါပုံမဲဆန္ဒနယ်မှ
ဦးပြုံးချို၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအား စာသင်ကျောင်း များနှင့်
အခြားပညာရေးအဖွဲ့အစည်းများတွင် အသိပညာပေးရေးနှင့် နိုင်ငံပိုင်မီဒီယာ များတွင် ထည့်သွင်းပေးရန်
ရှိ၊ မရှိ မေးမြန်းချက်အပေါ် ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်များ၏
ဥပဒေကျောင်းသား ကျောင်းသူများ အတွက် လက်ရှိပညာသင်နှစ် တတိယနှစ်၌ Human Rights Law ကို
သင်ကြားနေပြီး မဟာဥပဒေတန်းတွင်လည်း Human Rights Law ကို အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်း
သင်ကြားလျက်ရှိကြောင်း၊ ထို့ပြင် တတိယနှစ်ကျောင်းသားကျောင်းသူများ အတွက် ၂၀၁၆-၂၀၁၇
ပညာသင်နှစ်မှစ၍ ထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်း၊
အခြေခံပညာကဏ္ဍတွင်လည်း ၂၀၀၄-၂၀၀၅ ပညာသင်နှစ်မှစ၍ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင်
တွဲဖက်သင်ရိုးအဖြစ် သင်ကြားပေးလျက်ရှိပြီး
ကလေး သူငယ်အခွင့်အရေး ၄ မျိုးကို တတိယတန်းနှင့် စတုတ္ထတန်း၌ ထည့်သွင်းသင်ကြား လျက်ရှိကြောင်း။
ထို့ပြင် လူ့အခွင့်အရေးကြေညာစာတမ်းဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို
မြန်မာ ဘာသာသို့ပြန်ဆိုပြီး ထုတ်လွှင့်ခဲ့ပါကြောင်း၊ လူ့အခွင့်အရေးနှင့်ပတ်သက်၍ သတင်းစာ
များတွင် ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ သတင်း၊ ဓာတ်ပုံ၊
ဆောင်းပါး၊ အင်တာဗျူးများ ပေးပို့ပါက ဦးစားပေးဖော်ပြသွားမည်ဖြစ်ကြောင်း ဖြေကြား သည်။
အစည်းအဝေးတွင် ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၏ စိုက်ပျိုးစရိတ်ချေး
ငွေများကို တောင်သူများအနေဖြင့် စိုက်ပျိုးချိန်အမီ ရရှိနိုင်ရေးအတွက် ဆောင်ရွက် ပေးနိုင်ခြင်း
ရှိ၊ မရှိ မေးခွန်းအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဒေါက်တာထွန်းဝင်းက တစ်နိုင်ငံလုံးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခန့်မှန်းခြေစာရင်းအရ ချေးငွေရယူမည့်
စုစုပေါင်းစိုက်ဧကမှာ ၁၆ ဒသမ ၇၅ သန်းခန့် ဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ချေးငွေရန်ပုံငွေကိစ္စအတွက်
အချိန်မီကြိုတင် တင်ပြ ဆောင်ရွက်ပြီး ခွင့်ပြုချက်ရရှိသည်နှင့် ချေးငွေရန်ပုံငွေခွင့်ပြုခြင်း၊
ချေးငွေ ညွှန်ကြားစာ ထုတ်ပြန်ခြင်း၊ မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်ခွဲများသို့ ငွေထုတ်
ကန့်သတ်ချက် ပေးပို့ခြင်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာ
နှစ် မေလ ဒုတိယပတ်တွင် ချေးငွေစတင်ထုတ်ချေးခဲ့ပါကြောင်း၊ စိုက်ပျိုးစရိတ်များကို တောင်သူများ
အချိန်မီရရှိရေးအတွက် နှစ်စဉ် လုံးလစိုက် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ်
ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခဲ့ပြီး ယနေ့ ဇွန် ၁၀ ရက်တွင် ပြီးဆုံးခဲ့သည်။


No comments:
Post a Comment