Friday, June 10, 2016

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ အမေရိကန်နိုင်ငံ ဝါရှင်တန် DC ရှိ သုတေသနဆိုင်ရာအာဆီယံပရိုဂရမ်နှင့် Woodrow Wilson International Center အဖွဲ့မှ ပြင်သစ်သုတေသီအား တွေ့ဆုံ


နေပြည်တော် ဇွန် ၁၀

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် အမေရိကန် နိုင်ငံ ဝါရှင်တန်DCရှိသုတေသနဆိုင်ရာအာဆီယံပရိုဂရမ်နှင့် Woodrow Wilson International Center အဖွဲ့မှ ပြင်သစ်သုတေသီတစ်ဦးဖြစ်သည့် Dr.RenaudEgreteauအား ယနေ့နံနက် ၈နာရီတွင်  နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာဆောင် အဆောင်အမှတ် (I-5) ဧည့်ခန်းမ၌  တွေ့ဆုံသည်။  



တွေ့ဆုံစဉ်  မြန်မာနိုင်ငံသမိုင်းတစ်လျှောက် ပါလီမန်အသီးသီး ထူးခြားချက်ဝိသေ သလက္ခဏာများ၊ မြန်မာနိုင်ငံရေးအထူးပြုလေ့လာသည့် သုတေသီများအကြောင်း၊ အာဆီယံ နိုင်ငံများတွင် မြန်မာနိုင်ငံ၏ အရေးပါလာသော အခန်းကဏ္ဍ၊ Dr.Renaud လက်ရှိရေးသား ပြုစုနေသောဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် Stake holderများနှင့် လွှတ်တော်များ၏ အခန်း ကဏ္ဍနှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ကိစ္စရပ်များကို  ဆွေးနွေးကြသည်။

No comments:

Post a Comment