Monday, June 13, 2016

ပြည်ထောင်စုရှေ့နေချုပ်က ILO နှင့် ဂျာမဏီနိုင်ငံ ဧည့်တို့အား သီးခြားစီတွေ့ဆုံ


နေပြည်တော် ဇွန် ၁၃
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ILO မှ  Senior Legal Officer Mrs. Natsu NOGAMI ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ ဂျာမဏီနိုင်ငံ Democracy Reporting International မှ Senior Constitutional Expert, Prof. Dr. Xavier Philippe  ဦးဆောင်သောအဖွဲ့အား မွန်းလွဲ ၃ နာရီခွဲတွင် လည်းကောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ တွေ့ဆုံသည်။

ILO မှ  Senior Legal Officer Mrs. Natsu NOGAMI နှင့် တွေ့ဆုံဆွေးနွေးစဉ် အလုပ်သမားဥပဒေများ ပြင်ဆင် ဆောင်ရွက်ရာတွင် လိုအပ်မည့် သင်တန်းများနှင့် နည်း ပညာဆိုင်ရာ အထောက်အကူများ ပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များ၊ အလုပ်သမားဥပဒေများ ပြင်ဆင်ရေးဆိုင်ရာ ILO စီမံကိန်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ၊ ကောင်းမွန်သည့် လုပ်ငန်းခွင်အခြေအနေများ ဖြစ်ထွန်းလာစေရေး အတွက်အလုပ်သမားဥပဒေများကို အလုပ်ရှင်နှင့် အလုပ်သမားများက ကောင်းစွာသိရှိ နားလည်လာစေရန် အသိပညာပေးခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။

ဆက်လက်၍ ဂျာမဏီနိုင်ငံ Democracy Reporting International မှ Senior Constitutional Expert, Prof. Dr. Xavier Philippe နှင့် တွေ့ဆုံဆွေးနွေးစဉ် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေပြုရေးအခန်းကဏ္ဍ၌ အထောက်အကူ ပေးနိုင်ရေးကိစ္စရပ်များ၊ ပြည်သူလူထုအား ဥပဒေအသိပညာပေးရေးဆိုင်ရာကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဥပဒေရေးရာကိစ္စရပ်များ၌ အပြန်အလှန်ဆွေးနွေး အကြံပြုနိုင်ရေးကိစ္စရပ်များ၊ ဥပဒေပြုရေးကဏ္ဍတွင် အရပ်ဖက်အဖွဲ့အစည်းများ ပိုမျိုပါဝင် ဆောင်ရွက်လာနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment