Monday, June 13, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြီးစီး

နေပြည်တော် ဇွန် ၁၃
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် ဇွန် ၆ ရက်အတွင်း ၂၆ ရက်ကျင်းပခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးများ ပြီးဆုံးသည့် ဇွန် ၁၀ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေးရပ်နားကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် တစ်ဦးချင်းထံ အသိပေးအကြောင်းကြားပြီးဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ၂၀၁၆ ခုနှစ် ဇွန် ၆ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးပြီးစီးကြောင်း သိရသည်။

No comments:

Post a Comment