နေပြည်တော် ဇွန် ၁၇
ပြင်သစ်နိုင်ငံတွင်ရောက်ရှိနေသော ဒုတိယတပ်မတော်
ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်
ဇွန် ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် အပြည်ပြည် ဆိုင်ရာကာကွယ်ရေး၊ မြေပြင်နှင့်
ဝေဟင်လုံခြုံရေးဆိုင်ရာပြပွဲ “Eurosatory 2016”ရှိ ပြင်သစ်ကာကွယ်ရေး ၀န်ကြီးဌာန ပြခန်း
ဧည့်ခန်းမဆောင်၌ ပြင်သစ်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Jean – Pierre
Bosser နှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားဆက်ဆံရေး
ပိုမိုတိုးတက်ခိုင်မာ လာစေရေး၊ သင်တန်းပိုင်းဆိုင်ရာ တိုးတက်လေ့လာနိုင်စေရေးနှင့် ဖြစ်နိုင်ချေရှိသည့်
ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက် ရေးကိစ္စရပ်များအား ဆွေးနွေး ကြသည်။
ဆက်လက်၍ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနပြခန်းများအား ဆက်လက် ကြည့်ရှုအားပေးကြပြီး နေ့လည် ၁၂ နာရီတွင်
ပြင်သစ်တပ်မတော် ကြည်းတပ်ဦးစီး ချုပ်မှ တည်ခင်းဧည့်ခံသော နေ့လည်စာစားပွဲသို့ NATO
တပ်ဖွဲ့၏ စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့်အတူ တက်ရောက်သည်။
နေ့လည်ပိုင်းတွင် ခင်းကျင်းပြသထားသည့်
ကုမ္ပဏီပြခန်း(၆)မျိုးအား လှည့်လည် ကြည့်ရှုလေ့လာ ခဲ့ကြပြီးနောက် ပြင်သစ်နိုင်ငံ၏ အထိမ်းအမှတ်ပြယုဂ်တစ်ခု
ဖြစ်သည့် အီဖယ်မျှော်စင်သို့ သွားရောက်လေ့ လာခဲ့သည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည်
ဇွန် ၁၆ ရက် မွန်းလွဲပိုင်းတွင် လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ပြင်သစ်နိုင်ငံ
Charles de Gaullc လေဆိပ်၌ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူ၊ မြန်မာ
စစ်သံမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်တင်မောင်ဆွေနှင့် ပြင်သစ်တပ်မတော်မှ ဆက်ဆံရေးအရာရှိတို့က
ပို့ဆောင်နှုတ်ဆက်ကြပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်
တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူ များက ကြိုဆိုနှုတ် ဆက်ကြသည်။

No comments:
Post a Comment