Monday, June 13, 2016

CNG မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ကို နိုင်ငံတော်မှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ


နေပြည်တော် ဇွန် ၁၃
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၁ ရက်နံနက်တွင် ရန်ကင်းမြို့နယ်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် ရက် (၁၀၀) စီမံချက်အတွင်း အများနှင့် သက်ဆိုင်သော
ကုမ္ပဏီ၏ BRT ယာဉ် (၆၅) စီးကို CNG ဖြန့်ဖြူးပြီးစီးရေးညှိနှိုင်း ဆွေးနွေးသည်။ ထို့အပြင် CNG မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ကို နိုင်ငံတော်အစိုးရမှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေသလို မှန်ကန် အကျိုးရှိစွာ အသုံးပြုရန်နှင့် ကုန်းတွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မည့် အခြေအနေများကိုလည်း ဖြည့်စွက်ဆွေးနွေး သည်။ ထို့နောက် CNG အရောင်းဆိုင်အမှတ် (၀၄၂) ထောက်ကြန့်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ လှိုင်သာယာဓာတ်အားခွဲရုံသို့ရောက်ရှိပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဓာတ်အား ခွဲဝေပေးပို့လျက်ရှိသည့် အခြေအနေ၊ မြို့နယ်တွင်း ရက် (၁၀၀) စီမံချက်ပါ 11 kV ဓာတ်အားလိုင်းသစ် ဆွဲသားခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အစည်းအဝေးခန်းမတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌတို့နှင့်အတူ သက်ဆိုင်ရာမြို့နယ် အသီးသီး၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် စာချုပ်ဖြင့်ဆောင်ရွက်လျက်ရှိသည့် Franchise ကုမ္ပဏီများနှင့်တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးကိစ္စများ အတွက် ဆွေးနွေးညှိနှိုင်းသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများမှ တင်ပြလာသည့် အခက်အခဲများကို ရန်ကုန်/မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းများနှင့် ပေါင်းစပ်၍ ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ဌာနအနေနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ပြည်သူလူထုသို့ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာရရှိစေရေး ဆောင်ရွက်နိုင်သဖြင့် ပြည်သူလူထုမှ ဌာနအပေါ် ယုံကြည်မှုမြင့်မားလာပြီး ရင်းနှီးမြှုပ်နှံသူ၊ ရန်ကုန်/မန္တလေး ဓာတ်အားပေးရေး ကော်ပိုရေးရှင်းများနှင့် ပြည်သူလူထု သုံးဦးသုံးဖလှယ် အကျိုးရှိ အောင်မြင်ဖြစ်ထွန်း ရေး အဓိကထား ပူးပေါင်းဆောင်ရွက်ကြရန် ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment