Thursday, June 16, 2016

ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်များတွင် မြန်မာ-မွန်ဂိုလီးယား ပူးပေါင်းဆောင်ရွက်မည်


နေပြည်တော် ဇွန် ၁၅
မြန်မာ-မွန်ဂိုလီးယား နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်များ၌ အပြန်အလှန်အကျိုးဖြစ်ထွန်း စေရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်း သိမ်းရေးတို့အတွက် ပူးပေါင်းဆောင် ရွက်ကြရန် နှစ်နိုင်ငံမှကိုယ်စားလှယ် များသည် ဇွန် ၁၅ ရက်နေ့တွင် နိုင်ငံ တော်သမ္မတအိမ်တော်၌ လက်မှတ် ရေးထိုးခဲ့ကြသည်။

ထိုသို့ ပူးပေါင်းဆောင်ရန်အတွက် “ပြည်ထောင်စုသမ္မတ မြန်မာနိုငုင်င်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် မွန်ဂိုလီးယားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှုနှင့်သိပ္ပံပညာ ဝန်ကြီးဌာနတို့အကြား ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို မွန်ဂိုလီး ယားနိုင်ငံသမ္မတ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်၌ နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံအပြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာနန္ဒာမွှန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ် ကြီး မစ္စတာတဂ်စ်ဘီလ်ဂွန်းတူမွတ်ခ် ဟူလဂ်တို့က လက်မှတ်ရေးထိုးခဲ့ကြ ခြင်းဖြစ်သည်။
နားလည်မှုစာချွန်လွှာတွင် ယဉ်ကျေးမှု အနုပညာနယ်ပယ်များတွင် ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆန္ဒရှိကြသဖြင့် နှစ်နိုင်ငံပြည်သူများ အကြား လက်ရှိတည်ရှိနေသော အပြန်အလှန် နားလည်ယုံကြည်မှု၊ လေးစားမှုနှင့် ချစ်ကြည်ရင်နှီးမှုများ ခိုင်မာတိုးတက်စေရန် စာချုပ်ဝင်များ သည် မိမိတို့၏ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ အပြန်အလှန် နားလည်မှုတိုးတက်စေရေး ကြိုးပမ်း အားထုတ်ရန်၊ ယဉ်ကျေးမှုနှင့် အနု ပညာဆိုင်ရာနယ်ပယ်များ အပြန် အလှန်ဖလှယ်ခြင်း၊ အပြန်အလှန် နားလည်မှုများ ပိုမိုကောင်းမွန်ရေး ဆောင်ရွက်ကြရန်တို့ပါဝင်ပြီး အဆိုပါ အချက်များကို နှစ်နိုင်ငံလုံးကသဘော တူညီခဲ့ကြသည်။
ထို့ပြင် စာချုပ်ဝင်များသည် အစိုးရ ဆိုင်ရာ ကိုယ်စားလှယ်များအကြား ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို သက် ဆိုင်ရာမူဘောင်အဖြစ် သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံ၍ အပြန်အလှန် ရွေးချယ်ဆုံးဖြတ်ကာ တိုးမြှင့်ဆောင်ရွက်ရန် ကြိုးပမ်းအား ထုတ်ကြရန်နှင့် ပါဝင်ဆောင်ရွက်သူ များ၏ ရရှိသုံးစွဲနိုင်သော ဘဏ္ဍာ ရေးနှင့် ငွေအရင်းအမြစ်ဆိုင်ရာ အခြေအနေများပေါ်တွင် မူတည်၍ ဆောင်ရွက်ကြရန်၊ စာချုပ်ဝင်များသည် ဆောင်ရွက်ရန် ကတိပြုထား သော လှုပ်ရှားဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံလောက် သော အရင်းအမြစ် ထောက်ပံ့ပေးနိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် တို့ကို သဘောတူခဲ့ကြသည်။
ဤနားလည်မှု စာချွန်လွှာသည် လက်မှတ်ရေးထိုးသည့်နေ့တွင် စတင် အသက်ဝင်ပြီး စာချွန်လွှာသည် သုံးနှစ် သက်တမ်းရှိမည်ဖြစ်ကာ တစ်ဆက်တည်း နောက်ထပ် သုံးနှစ် အတွက် အလိုအလျောက် သက်တမ်း တိုးမြှင့်ပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment