နေပြည်တော်
ဇွန် ၁၅
ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည်
မတူကွဲပြားသည့် ပါဝင်ဆွေးနွေးကြသူများကိုဆွဲဆောင်ထားနိုင်ပြီး ယခင် အလုပ်ရုံ ဆွေးနွေး ပွဲများထက်
ပိုမိုဆွေးနွေး နိုင်မည်ဖြစ်ကြောင်း မွန်ဂိုလီးယားနိုင်ငံသမ္မတ မစ္စတာ ဇတ်ခ်ဟီးလ် ယာဒ်အယ်လ်ဘတ်ခါဒေါ့ဂ်ျ က ပြောကြားလိုက်သည်။
မွန်ဂိုလီးယား နိုင်ငံအပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအဖွဲ့ (ICF) နှင့် နော်ဝေနိုင်ငံအခြေ စိုက် အော်စလိုစင်တာတို့ပူးပေါင်းဆောင်ရွက်သည့်
သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ (Sound Management of
Natural Resource – 2 ) ကို ဇွန် ၁၅ ရက်တွင် နေပြည်တော်ရှိ Grand Amara Hotel၊
Taungoo Hall ၌ကျင်းပစဉ်မွန်းလွဲပိုင်းအစီအစဉ်၌ မွန်ဂိုလီးယားနိုင်ငံ သမ္မတကထိုသို့
ပြောကြား ခဲ့ခြင်းဖြစ်သည်။
မွန်ဂိုလီးယားသမ္မတက ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင်
ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးရေး
ဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှပ်နှံမှုအခြေအနေများနှင့် ရင်းနှီးမြှပ်နှံမှုတိုးတက်လာစေသည့်နည်းလမ်းများ၊
အုပ်ချုပ်ရေးစနစ်နှင့် အခြားကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ လွတ်လပ်သောကုန်သွယ်မှု
သဘော တူညီချက်မှတစ်ဆင့် မွန်ဂိုလီးယားနိုင်ငံ၏ပို့ကုန်များတင်ပို့မှု၊ စီးပွားရေးကဏ္ဍ
ဥပဒေလုပ်ငန်းစဉ်များ တိုးတက် ရေးဆောင်ရွက်ထားရှိမှု၊ မွန်ဂိုလီးယားနိုင်ငံ၏ စက်မှုနှင့်ကုန်သွယ်မှုကဏ္ဍ
ပြောင်းလဲမှု၊ အူလန် ဘာတောမြို့တော် ဖွံ့ဖြိုးရေးမဟာဗျူဟာရေးဆွဲမှုနှင့် မွန်ဂိုလီးယားနိုင်ငံ၌
ခရီးသွားကဏ္ဍ တိုးတက်ရေး ဆောင်ရွက်မှုတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊
နိုင်ငံရေးသမားများ၊ ဆုံးဖြတ်ချက်ချ မှတ်သူများ၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့်
မီဒီယာအဖွဲ့အစည်းများအတွက် အချိန်ကျရောက်ပြီ ဖြစ်ကြောင်းနှင့် မွန်ဂိုလီးယားနိုင်ငံသည်
ဒီမိုကရေစီတိုင်းပြည်တစ်ခုဖြစ်ပြီး လွတ်လပ်စွာ
ထုတ်ဖော် ပြောကြားခွင့်ရှိပါကြောင်း ပြောကြားသည်။
သဘာဝသယံ ဇာတဆိုင်ရာ စီမံခန့်ခွဲမှုအလုပ်ရုံဆွေးနွေးပွဲ
(Sound Management of Natural Resource – 2 )ကို
ယနေ့နံနက်က စတင်ကျင်းပရာ အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ကီရ်ဂစ်သမ္မတနိုင်ငံ၊
မွန်ဂိုလီး ယားနိုင်ငံ၊ တီမောလက်တေ့စ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များ
တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ မွန်ဂိုးလီးယားနိုင်ငံ သတ္တုတွင်းဝန်ကြီး MR.
Jingjid R၊ အော်စလို စင်တာဥက္ကဋ္ဌ MR. Kjell Magne Bondevik နှင့် ဘူမိဗေဒလေ့လာရေးနှင့်
ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲမြင့်ဆွေတို့က နှုတ်ခွန်းဆက်ပြောကြားကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၁၆
ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီးExtractive Industry တွင် ပါဝင်သည့် သတ္တု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊
ရေအားလျှပ်စစ်နှင့်သစ်တောကဏ္ဍများ၌ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေးကြမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေဖြင့်
Extractive Industries in Myanmar နှင့် Challenges and Opportunities in
Developing Myanmar Natural Rescources ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်းနှင့်
သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲမှု အလုပ်ရုံ ဆွေးနွေးပွဲ (Sound Management of
Natural Resource – 1 ) ကို မွန်ဂိုးလီးယားနိုင်ငံတွင် ကျင်းပခဲ့ပြီး (Sound Management
of Natural Resource – 3 ) ကို ကာဂျစ်စတန်နိုင်ငံ၌ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment